💎𝟵𝟵𝟵အခေါက်𝗖𝗵𝗮𝗿𝗺💎
စျေးကွက်မှာ ရေပန်းစားတဲ့ 999အခေါက်charm လေးတွေက ဘာနဲ့ခတ်ထားတာလဲ အမှန်အတိုင်း ပြောရရင် မသိပါဘူး 😅
ရွှေကလည်း အရောင်တင်လိုမျိုး ပါတယ်ဆိုရုံလေး လို့ ထင်ပါတယ်။
ရွှေအတုံး ဆိုလည်း အခုရောင်းဝယ်နေတဲ့ စျေးနှုန်းတွေနဲ့ မရနိုင်ပါဘူး။
တစ်ခေါက် မှတ်တိုက်ကြည့်ဖူးတာတော့ ရွှေ မဟုတ်ပါဘူး အခံက ကြေးနဲ့တူပါတယ်။
ဒါပေမယ့် အရောင်းဆိုင်တွေက ပြန်လဲ 15% ပြန်သွင်း 20% နှုန်းလောက်တွေနဲ့ အရောင်းအလဲ လုပ်ပေးကြပါတယ်။
ဘောက်ချာပါ ဒုံးစျေးနဲ့ပဲ တွက်ပေးတယ် (လို့ ထင်ပါတယ်)
အခေါက်ရွှေ ဘယ်လောက်ပါတယ် ဖော်ပြပြီး အခေါက်စျေးနဲ့ တွက်ပေးတာမျိုး မရှိလောက်ဘူး (လို့ ထင်ပါတယ်)😅
သေသေချာချာ မသိတဲ့အတွက် စုံစမ်းပြီး သိလာရတဲ့အခါ ပြန်လည် မျှဝေပေးပါမယ် 😜
ဝယ်ဖူးရောင်းဖူးတဲ့သူတွေ သိရင်လည်း မျှဝေပေးကြရင်လည်း ကျေးဇူးတင်မှာပါ😊






Reviews
There are no reviews yet.