💎၁၅ပဲ ဒင်္ဂါးရည် ရွှေသားထည် 💎
ရွှေထည်တွေကတော့
✅️”မရှိဝမ်းဆာ ရှိတန်ဆာ” ဝတ်ဖို့ရာ အဆင်ပြေတယ်
✅ဝယ်ခဲ့တဲ့ဆိုင်တွေက ပေါက်စျေးအတိုင်း ပြန်ဝယ်ပေးတယ်။
သတိပြုရမှာတွေက
⛔️ပြန်ရောင်းရင် အလျော့လက်ခ ရှုံးမယ်။
အလှဝတ်ချင်တာလား ငွေစုချင်တာလား စဥ်းစားပါ။
ငွေစုချင်ရင် ဒီဇိုင်းရိုးပြီး အလျော့လက်ခ သက်သာတဲ့ အထည်တွေကို ဦးစားပေး ရွေးချယ်ပါ။
အလှဝတ်ချင်တာဆို ဒီဇိုင်းဆန်းတဲ့အထည်တွေက အလျော့လက်ခ ပိုများတတ်မယ် ဆိုတာ သဘောပေါက်ပါ။
⛔️ရံခါ ဆိုင်တွေက ရောင်းစျေး/ဝယ်စျေး အရမ်းခွာထားတဲ့အချိန်တွေဆို ပြန်ရောင်းရင် စျေးနာတယ်။
အဓိက စျေးအရမ်းလှုပ်ခတ်နေတဲ့ အချိန်မျိုးမှာ သတိပြုရမှာပါ✅
❗️ဝယ်ခဲ့တဲ့ဆိုင် ပိတ်သွားခဲ့ရင် ဘောက်ချာပျောက်သွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ?
အပြင်ထည် ဝယ်ပေးတဲ့ဆိုင် နဝလီဆိုင်တွေမှာ ရောင်းလို့ ရပါတယ်။
ရွှေအတင် ကို များသောအားဖြင့် တစ်ရည်လျှော့ပြီး ပြန်ဝယ်ပေးကြပါတယ်။
၁၅ပဲထည် လို့ ပြောရောင်းခဲ့ပေမယ့် ရွှေရည်စစ်တဲ့အခါ လျော့နေရင်တော့ နစ်နာမှာပါ။
ကိုယ်ဝယ်ခဲ့တဲ့ဆိုင်မှာ ပြန်သွင်းရင်တော့ ၁၅ပဲထည်က ၁၅ပဲရည် ပေါက်စျေးအတိုင်း ပြန်ရမှာပါ။






Reviews
There are no reviews yet.