💎စိန်ထည်💎
ရွှေနဲ့ အထည်ခတ်ပြီးသား စိန်ထည်တွေကို ယခုအခါ စျေးကွက် မှာ
ပြန်လဲ 0% အရှုံးမရှိ ပြန်သွင်း 8%
ပြန်လဲ 5% ပြန်သွင်း 10%
အစရှိတဲ့ % အတော်နည်းနည်းနဲ့ ရောင်း/ဝယ်/လဲ ပေးကြပါတယ်
ဝယ်ထားတဲ့ နှစ်ကာလအလိုက် 2% 3% 5% အစရှိသည် အမြတ်ပေးပြီး ပြန်ဝယ်ပေးနေကြတဲ့ ဆိုင်တွေလည်း အများအပြား ရှိပါတယ်
‼️ဝယ်သူတွေအနေနဲ့ နားလည်ထားရမှာက
ဘောက်ချာမှာပါတဲ့ မြန်မာကျပ်ငွေ ဒုံးစျေးနှုန်းအတိုင်းပဲ တွက်ပြီး ရောင်း/ဝယ်/လဲ ပေးကြမှာပါ
စိန်ထည်တစ်ခုမှာ
✅ရွှေချိန်
✅စိန်ချိန်
✅အလျော့လက်ခ တွေ ပါပါမယ်။
အရောင်းဆိုင်တွေက
စိန်ထည်ပါ အသေးစိတ် အချက်အလက် တွေကို
အချို့ ဖော်ပြတယ် အချို့ မဖော်ပြဘူး။
ဝယ်ထားတဲ့အထည်တွေ ပြန်လဲ ပြန်သွင်း တဲ့ အခါမှာ
ရွှေချိန် ဘယ်လောက် စိန်ချိန် ဘယ်လောက်
‼️လက်ရှိ ရွှေစျေး ဒေါ်လာစျေး တွေနဲ့ တွက်ပြီး ပြန်ဝယ်ပေးဖို့ မျှော်လင့်နေလို့ မရပါဘူး
နှစ်ကာလ ဘယ်လောက်ကြာကြာ ရွှေစျေး ဒေါ်လာစျေး ဘယ်လောက်ဖြစ်နေနေပါ။
ဘောက်ချာပါ ဒုံးစျေးနဲ့ပဲ တွက်မှာပါ။
‼️ဒါကြောင့် ဆိုင်တွေမှာ ဝယ်ပြီး ပြန်လဲ ပြန်သွင်းတာက အမြတ်ပေးနေပါတယ် ပြောလည်း မြတ်စရာ မရှိပါဘူး။
❓️ဒါဆို ဆိုင်တွေမှာ စိန်ထည်တွေ ဝယ်တာ ဘာကောင်းကျိုး ရှိသလဲ။
✔️လှလှပပ ထည်ထည်ကြွားကြွား ဝတ်ဆင်လို့ရတယ်
✔️အချိန်တိုအတွင်း ဆိုရင် အရှုံး သိပ်မရှိဘဲ ထည်လဲ ဝတ်ဆင်လို့ ရတယ်
✔️ငွေလိုတဲ့အခါ ဆိုင်တွေမှာ ပြန်သွင်းလို့ရတယ်
(ချက်ချင်း ပေးလား အလီလီ ခွဲပေးလား တော့ စုံစမ်းပါ)
❓️နှစ်ကာလရှည်ကြာ က ဝယ်ခဲ့တဲ့ စိန်ထည်တွေ ကာလပေါက်စျေး နဲ့ အနီးစပ်ဆုံး ရွှေစျေး စိန်စျေး တွေ အတိုင်း ရချင်ရင် ဘယ်လိုလုပ်ရမလဲ
✅️အပြင်ထည်ဝယ်ပေးတဲ့ ဆိုင်တွေမှာ ရောင်းပါ
အထည်မှာ ပါဝင်တဲ့ ရွှေ စိန် ပမာဏ အတိုင်း လက်ရှိပေါက်စျေး နဲ့ တွက်ပေးပါလိမ့်မယ်
ပေါက်စျေးထက် အနည်းငယ်တော့ စျေးနှိမ်ကြမှာပါ
အလျော့လက်ခတော့ အရှုံးခံရပါမယ်။
တချို့ ငွေလက်ငင်းပေးတယ်
တချို့ ရက်ချိန်းနဲ့ ပေးပါတယ်
အချုပ်ပြောရင်တော့❗
စိန် ကို အရမ်း နှစ်သက်တယ်
ဒီဇိုင်းဆန်းတွေနဲ့ အလှအပ အရမ်း ကြိုက်တယ် ဆိုမှသာ
စိန်ထည်တွေ ဝယ်ပါ ဝတ်ပါ
သားသမီး မြေး မြစ်တွေ အမွေပေးခဲ့ချင်တဲ့အထိ ရေရှည် ဝတ်မယ် ပြန်ရောင်းဖို့ရာ မရှိဘူး ဆိုရင် ကိုယ် တကယ် ကြိုက်နှစ်သက်တဲ့ အထည် ကို ဝယ်ရ ဝတ်ရတာ တန်ပါတယ် အဓိပ္ပါယ်လည်း ရှိပါတယ်။
အလှအပကြိုက်လို့
ပြန်လဲ% 0 သို့မဟုတ် % အရမ်းနည်းတဲ့ ဆိုင်တွေကနေ အချိန်ကာလတိုအတွင်း နှစ်သက်ရာ တစ်မျိုးပြီးတစ်မျိုး ထည်လဲ အားရအောင်သာ ဝတ်ပါ အရမ်းတန်ပါတယ်။
အချိန်ကာလတိုအတွင်း ဆို ငွေလိုလာတဲ့အခါ ဝယ်ထားတဲ့ဆိုင်မှာ ပြန်သွင်းလိုက်ပါ အရမ်းတန်နေပါသေးတယ်။
ရေရှည် ငွေစုဆောင်းချင်တယ်
တန်ဖိုးတက်ဖို့ အမြတ်ရဖို့ အဓိက မျှော်လင့်တယ်
ဆိုရင်တော့ စိန်ထည် ဝယ်ဖို့ ကို အားမပေးပါဘူး။






Reviews
There are no reviews yet.