ငွေထည်/ငွေနဲ့ခတ်တဲ့ကျောက်ထည်

💎ငွေထည်/ငွေနဲ့ခတ်တဲ့ကျောက်ထည်💎

ငွေထည် ငွေနဲ့ခတ်တဲ့ကျောက်ထည်တွေက ကျောက်အစစ်တွေ လက်ဝတ်ရတနာတွေကို စျေးနှုန်းသင့်တင့်စွာ နဲ့ ဝတ်နိုင်ဖို့ အဓိကရည်ရွယ်ပြီး ထုတ်လုပ်ကြတာပါ။

တစ်နိုင်ငံလုံးမှာရော တစ်ကမ္ဘာလုံးမှာရော
ငွေထည် ကို ရောင်း/ဝယ်/လဲ လုပ်ပေးတဲ့ထုံးစံ မရှိပါဘူး။

ငွေတန်ဖိုးအလိုက် စျေးတွက် အမြတ်ပေးတဲ့ ထုံးစံလည်း မရှိပါဘူး။

ငွေ ကို ကာလပေါက်စျေးအတိုင်း ရနိုင်စရာ ဆို ဘော် သို့မဟုတ် ငွေစင် ပဲ ရှိပါလိမ့်မယ်။

ငွေထည်ပျက်/ဟောင်းတွေကို တန်ဖိုးသင့်ပြီး ဝယ်ပေးတဲ့ နဝလီ တွေ ရှိလိမ့်မယ်လို့တော့ ထင်ပါတယ် (သေချာမသိလို့ပါ)

အခုနောက်ပိုင်း အချို့ငွေထည်ဆိုင်တွေက
ပြန်လဲ 30% ပြန်လဲ 50% နှုန်းနဲ့
ရောင်း/ဝယ်/လဲ ပေးကြပါတယ်။

ငွေထည်တွေက⚡

⛔️အချိန်နဲ့အမျှ တန်ဖိုးတက်နိုင်စရာ အခွင့်အလမ်းလည်း မရှိသလောက်နည်းသလို

⛔️လက်ရှိမှာရော ရေရှည်မှာရော မြတ်စရာအကြောင်းလည်း ဘာမှ သိပ်မရှိပါဘူး။

ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက်အတွက် ဆို ငွေထည်ကို လုံးဝ မဝယ်သင့်ပါဘူး❌️

ငွေထည်တွေက ဘယ်သူတွေနဲ့ သင့်တော်လဲ 🤔

ငွေရောင်ကို ကြိုက်လို့ Fashion အနေနဲ့ ဝတ်ဆင်ချင်တယ်✅️

Fancy အတုတွေ မဝတ်ချင်ဘူး✅️

ကျောက်မျက်ရတနာတွေကို နှစ်သက်တယ်
ဒီဇိုင်းဆန်း အလှအပတွေ ကြိုက်တယ်
တန်ဖိုးသင့်တင့်စွာနဲ့ပဲ ဝတ်ဆင်ချင်တယ်✅️

ပွဲလမ်းသဘင်တွေ သွားလာရင်
ထည်ထည်ဝါဝါ လှလှပပ ဝတ်ဆင်ချင်တယ်✅️

ဒါဆို ငွေထည် ကို ဝယ်ပါ ဝတ်ပါ။

Reviews

There are no reviews yet.

Be the first to review “ငွေထည်/ငွေနဲ့ခတ်တဲ့ကျောက်ထည်”

Your email address will not be published. Required fields are marked *

Scroll to Top