ကျောက်ထည်

💎ကျောက်ထည်💎

ရွှေနဲ့ခတ်ထားတဲ့ ကျောက်ထည် တွေက သတိထားမိတာ ကိုဗစ်ကာလတွေက စပြီး LiveSale တွေ ခေတ်စားလာတဲ့ အချိန်မှာ မြန်မာနိုင်ငံစျေးကွက် အတွင်း ဝယ်လိုအား သိသိသာသာ မြင့်တက်လာခဲ့တာပါ။

အရင်ခေတ်တွေကတော့ ကျောက်ထည်တွေကို အရောင်းအလဲ လုပ်ပေးတဲ့ထုံးစံ မရှိခဲ့ပါဘူး။

LiveSale ခေတ်ကျမှပဲ ဝယ်သူတွေ အဆင်ပြေအောင် ကျောက်ထည် ရောင်း/ဝယ်/လဲစနစ်က စျေးကွက်မှာ တွင်ကျယ်လာတာပါ။

LiveSaleတွေမှာတော့ များသောအားဖြင့်
ပြန်လဲ10% ပြန်သွင်း15% နှုန်းနဲ့
ရောင်း/ဝယ်/လဲ တယ် ဆိုပါတယ်။

ကျောက်ထည်တွေဝယ်ရင် အရေးကြီးတာ🚨

ကျောက်အစစ်ဖြစ်ကြောင်း အာမခံ နဲ့
အရည်အသွေးမှန်ကန်မှု ပါ။

အရည်အသွေး အလိုက် စျေးနှုန်းကွာဟမှု ကြိီးနိုင်တာကြောင့်ပါ။

❓️ကျောက်ထည်တွေ ဝယ်သင့်လား

စိန်ထည်တွေလိုပဲ ကြိုက်ရင်ဝယ်ပါ✔️

❗️အရည်အသွေး ကို သေချာ သိပြီးမှတော့ ဝယ်သင့်ပါတယ်။

❓️ကျောက်ထည်တွေက မြတ်လား

ကျောက် အမျိုးအစား နဲ့ အရည်အသွေး အပေါ် မူတည်ပါမယ်။

✅အချို့ကျောက်အမျိုးအစားတွေက အချိန်နဲ့အမျှ တန်ဖိုးတက်ပါတယ်။

တန်ဖိုးတက်တဲ့နှုန်းက ဆိုင်တွေက ပေးတဲ့ အရောင်း/ဝယ်/လဲ နှုန်းထက် အများကြီး ပိုနိုင်တဲ့အတွက် ဆိုင်တွေမှာ ပြန်မသွင်းဘဲ အပြင်မှာ ရောင်းရင် အမြတ်ပိုရတာမျိုး ရှိနိုင်ပါတယ်

⛔️ချက်ချင်းပြန်ရောင်းလို့ရနိုင်ဖို့
⛔️ငွေလက်ငင်း ရနိုင်ဖို့ တော့
ခက်ပါလိမ့်မယ်။

အရည်အသွေး နဲ့ မတန်တဲ့ စျေးပေးဝယ်ထားရတဲ့ ပစ္စည်းတွေ ဆိုရင်တော့ ဝယ်ထားတဲ့ဆိုင်က ရောင်း/ဝယ်/လဲ ပေးတဲ့အတွက် အရှုံးလေးတော့ သက်သာနိုင်ပါတယ်။

(ဆိုင်တွေမှာ စိန်ထည်ထက် ကျောက်ထည်တွေက ရောင်း/ဝယ်/လဲ % အရှုံးပိုများတယ်ဆိုတာ သတိပြုပါ)

နှစ်ကာလ ကြာသွားတဲ့အခါ ဝယ်ခဲ့တဲ့ဆိုင်မှာ ပြန်လဲပြန်သွင်းရတာ မတန်တော့ဘူးထင်ရင် အထည်မှာ ပါဝင်နေတဲ့ ရွှေကို တန်ဖိုးသင့်ပြီး ပြန်ရောင်းလို့ရပါတယ်။

အတိုချုပ်ပြောရရင်

အရည်အသွေးမြင့်မားတဲ့ကျောက် အချိန်ကာလအလျောက် တန်ဖိုးတက်စရာ အခွင့်အလမ်းများတဲ့ ကျောက် တွေက
တစ်ချိန်ချိန်မှာ အမြတ်ရလေရနိုး မျှော်လင့်ပြီး ဝယ်ယူစုဆောင်းလို့ရပါတယ်✅️

တန်ဖိုးသင့်ကျောက်တွေကတော့

ကျောက်မျက်အလှအပ ကို နှစ်သက်တယ်🥰
ဒီဇိုင်းအလှအပ တွေ နှစ်သက်တယ် ဆိုမှပဲ ဝယ်ပါ✅️

Reviews

There are no reviews yet.

Be the first to review “ကျောက်ထည်”

Your email address will not be published. Required fields are marked *

Scroll to Top