Withoutစိန်အပွင့် စိန်အကြွေ

💎Withoutစိန်အပွင့် စိန်အကြွေ💎

ဆိုင်တွေက မဟုတ်ဘဲ ကုန်သည်တွေ ဆီက ဝယ်တဲ့ Without စိန်အပွင့် တွေ စိန်အကြွေ တွေ ဆိုရင်

⛔️ပြန်ရောင်းရတာလည်း ခက်ပါတယ်
⛔️ရောင်းရင်လည်းစျေးနှိမ်တာများပါတယ်

✅ကုန်သည်တွေကဆီက ဝယ်တော့ ဆိုင်တွေထက် အနည်းငယ် စျေးသက်သာနိုင်ပါတယ်။

Without စိန်အပွင့်တွေက အရည်အသွေး ကိုလည်း အရမ်းဂျီးမများဘူး။

စိန်အပွင့် ထည်ထည်ကြီးကြီး ကို စျေးသက်သက်သာသာ နဲ့ ဝတ်ချင်တယ်။

ပြန်ရောင်းဖို့ ရည်ရွယ်ချက်လည်း မရှိဘူး ဆိုတဲ့ သူတွေနဲ့တော့ သင့်လျော်ပါတယ်။

နှစ်ကာလအလျောက် တန်ဖိုးတက်သင့်သလောက်လည်း တက်မှာပါ။

Without စိန် တွေကတော့ ကျောက်တွေလိုပဲ ကြိုက်ရောင်းကြိုက်ဝယ် ကုန်သည်ပါးစပ်ထဲ ရှိနေတဲ့ စျေးပဲ ဖြစ်နေတတ်တယ် ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။

❗️စိန်အကြွေတွေကတော့ ကိုယ်တိုင် ဆိုင်ဖွင့်ဖို့ အရောင်းအဝယ် လုပ်ဖို့ ရည်ရွယ်ချက် မရှိရင် မဝယ်ဖို့ပဲ အကြုံပြုပါတယ်။

ပန်းထိမ်အပ်ဖို့ လိုရင်လည်း လိုသလောက်သာ ဝယ်လိုက်ပါ။

ကျောက်မျက်ရတနာတွေ အရမ်းကြိုက်တတ်လို့ ဆိုင်ဖွင့်နေတဲ့သူတွေနီးနီး ပန်းထိမ်တွေအပ် အထည်တွေ ခတ်နေတဲ့သူမျိုး ဆိုရင်တော့ သုံးလည်းသုံးနေရလို့ ကုန်သည်စျေး အနည်းငယ် သက်သာတဲ့ စျေးလည်း ရလို့ဆိုရင်တော့လည်း ဝယ်ထားတာ အတန်အသင့် အဆင်ပြေနိုင်ပါတယ်။

Reviews

There are no reviews yet.

Be the first to review “Withoutစိန်အပွင့် စိန်အကြွေ”

Your email address will not be published. Required fields are marked *

Scroll to Top