Spa Services
Showing all 3 results
-
Head Spa
60,000 Ksကြာချိန်
90 minsအကျိုးကျေးဇူးများ
- ဦးရေပြားကိုသေချာစွာစမ်းသပ်စစ်ဆေးပြီးမှ သင့်တော်သော ပစ္စည်းများနှင့် ဦးခေါင်းအရေပြားပေါ်မှာရှိတဲ့ အဆီ၊ဖောက်၊ဆဲလ်သေများကိုဖယ်ရှားသန့်စင်ပေးလို့ ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားယားယံခြင်း၊ ဖောက်ထခြင်း၊ အဆီပြန်ခြင်း တို့ကိုသက်သာလာစေပါတယ်။
- scalp massage လဲညင်သာစွာပြုလုပ်ပေးလို့ ဦးခေါင်းသွေးလည်ပတ်မှုကောင်းစေပြီး ခေါင်းမူးခေါင်းကိုက်ဝေဒနာကိုလျော့ကျစေကာ စိတ်အပန်းပြေ အိပ်ပျော်စေပါတယ်။
- Head Spa Service မှာ Facial Deep Cleansing လဲပါဝင်လို့ မျက်နှာပေါ်ရှိအညစ်အကြေးများကိုသန့်စင်စေပြီး ဖြူဝင်းစိုပြေစေသလို Daily Skincare Routine အတွက်လဲ ကောင်းကျိုးပိုမိုရရှိစေပါတယ်။
ရှောင်ရန်အချက်များ
- ဦးခေါင်းဦးရေပြားပေါ်တွင် အဖု၊အနာ ရှိသူများမလုပ်ရပါ။
- လည်ပင်းခွဲစိတ်ထားသူများမလုပ်ရပါ။
- သွေးတိုးရောဂါပြင်းထန်သူများမလုပ်ရပါ။
- Facial Deep Cleansing လုပ်ထားလို့ ၄၈ နာရီအတွင်း မိတ်ကပ်ထူထူမလူးသင့်ပါ။
- ပူလွန်းသောရေနှင့်မျက်နှာမသစ်ရပါ။
- (၃) ရက် အတွင်း scrub မသုံးရပါ။
- မျက်နှာပေါ်ရှိဝက်ခြံကိုလက်နှင့်မကုပ်ရ၊မဖဲ့ရ၊မကိုင်ရပါ။
-
Full Body Spa
90,000 Ksကြာချိန်
150 minsအကျိုးကျေးဇူးများ
- USA Brand ကိုသာအသုံးပြုပြီး ခန္ဓာကိုယ်တကိုယ်လုံးကို ချေးချွတ်ပေါင်းတင်ပေးတာဖြစ်လို့ ချေးနဲ့ဆဲလ်သေအညစ်အကြေးတွေ ကင်းစင်ပြီး အသားရည်ကို ကြည်လင်ဝင်းပလာစေပါတယ်။
- ချွေးထုတ်ခန်းဝင်တဲ့အခါမှာလဲ သဘာဝဆေးမြစ်စုံနဲ့ချွေးထွက်စေတာဖြစ်လို့ ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ အပူအပုပ်တွေကင်းစင်ပြီး အသားရည်မွဲခြောက်ခြင်း၊ မညီညာခြင်းတို့ကိုပါ သက်သာစေပြီး အညောင်းအညာလဲပြေစေလို့ ကောင်းကောင်းအိပ်ပျော်စေပါတယ်။
- ကောင်းမွန်စွာအိပ်ပျော်ဖို့အထောက်အကူဖြစ်လို့ စိတ်ဖိစီးမှုများ တနေ့တာပင်ပန်းနွမ်းနယ်မှုများကိုသက်သာစေပါတယ်။
- Full Body Spa လုပ်ပေးခြင်းက ခန္ဓာကိုယ်အလှတိုးစေမဲ့အပြင် ကြွက်သားနာကျင်မှုလျှော့ချပေးခြင်း၊ နှလုံးနှင့်သွေးကြောကျန်းမာရေးကိုမြှင့်တင်ပေးခြင်း၊ အဆုတ်စွမ်းဆောင်ရည်ကောင်းမွန်စေခြင်း စတဲ့ ကျန်းမာရေးကောင်းကျိုးများစွာကိုလဲရစေပါတယ်။
ရှောင်ရန်အချက်များ
- ကိုယ်ဝန်ဆောင်မိခင်များ မပြုလုပ်ရပါ။
- ခန္ဓာကိုယ်တွင် အနာစိမ်းရှိသူ/ အရေပြားရောဂါရှိသူများ မပြုလုပ်ရပါ။
-
Body Scrub & Mask
55,000 Ksကြာချိန်
60 minsအကျိုးကျေးဇူးများ
- အသားရည်အပေါ်ယံမှ အညစ်အကြေးများနှင့် ဆဲလ်သေများကို ဖယ်ရှားသန့်စင်ပေးလို့ အသားရည်နူးညံ့ပြီး ကြည်လင်ဝင်းပစိုပြေလာစေပါတယ်။
- ဆဲလ်သေတွေကင်းစင်ပြီး ချွေးပေါက်လေးတွေပွင့်သွားစေတာဖြစ်လို့ နေ့စဉ် Body Lotion လူးတဲ့အခါမှာလဲ အသားထဲစိမ့်ဝင်မှုအားပိုကောင်းလာစေပါတယ်။
- Scrub, Mask နှစ်မျိုးလုံးကို ခန္ဓာကိုယ်အနှံ့ ညင်သာစွာ ပွတ်တိုက် Massage လုပ်ပေးလို့ ချွေးနံ့ (ကိုယ်နံ့) များကိုသက်သာလာစေပြီး ကိုယ်သင်းနံ့သင်းသင်းလေးကို ပိုင်ဆိုင်စေလို့ မိမိကိုယ်ကိုယုံကြည်မှု ပိုတိုးလာစေသလို စိတ်အပန်းပြေစေပါတယ်။
ရှောင်ရန်အချက်များ
- ကိုယ်ဝန်ဆောင်မိခင်များ မပြုလုပ်ရပါ။
- ခန္ဓာကိုယ်တွင် အနာစိမ်းရှိသူ/ အရေပြားရောဂါရှိသူများ မပြုလုပ်ရပါ။



