Massage Services
Showing all 5 results
-
Foot Massage
15,000 Ks21,000 Ksins, 90mins
အကျိုးကျေးဇူးများ
- ခြေထောက်တခုလုံးမှာရှိတဲ့ အကြောစုံကို နူးညံ့ညင်သာစွာ နှိပ်နယ်ပေးတာဖြစ်လို့ သွေးလည်ပတ်မှုကောင်းစေပြီး ခြေထောက်ညောင်းညာကိုက်ခဲနာကျင်ခြင်းကိုသက်သာစေပါတယ်။
- ခြေဖျားလေးကို သေချာစွာနှိပ်ပေးလို့ melatonin တိုးစေပြီး အိပ်ပျော်စေရန်အထောက်အကူလဲပြုပါတယ်။
- မနှိပ်ခင်ဆားကြမ်းနှင့်ခြေဖဝါးကိုသာယာစွာပွတ်တိုက်ပေးတာဖြစ်လို့ အပူအပုပ်များလဲကင်းစင်စေပြီး စိတ်ဖိစီးမှုပင်ပန်းနွမ်းလျမှုတို့ကိုလဲသက်သာစေပါတယ်။
- Foot Massage ဆိုပေမဲ့ ဇက်ကြောနှင့်ဦးခေါင်းကိုလဲနှိပ်နယ်ပေးလို့ ခေါင်းကိုက်ဝေဒနာနှင့် ဇက်ကြောတက်ခြင်းကိုလဲသက်သာစေပါတယ်။
- ဖိနပ်အမြင့်ဝတ်လေ့ရှိသူများ၊အချိန်ကြာမြင့်စွာ မတ်တပ်ရပ်အလုပ်လုပ်ရသူများအတွက် အထူးသင့်တော်ပါတယ်။
ရှောင်ရန်အချက်များ
- နှိပ်ပြီးလျှင် ခြေထောက်မဆေးရ/ရေမချိုးရ/ခေါင်းမလျှော်ရ။
- ရေချိုးချင်လျှင် (၅) နာရီကြာမှ ချိုးသင့်ပါသည်။
- ရာသီပေါ်ချိန်/ကိုယ်ဝန်ဆောင်ချိန် မနှိပ်ရ။
-
Body Massage
20,000 Ks27,000 Ksကြာချိန်
60 mins, 90 minsအကျိုးကျေးဇူးများ
- တင်းမာနေတဲ့ ကြွက်သား/အကြော/အဆစ်အမြစ်တွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကောင်းမွန်စေတဲ့အတွက် ခန္ဓာကိုယ်ပေါ့ပါးစေရုံသာမက စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းလျမှုကိုလဲ လျော့ပါးစေပါတယ်။
- အချိုးအဖဲ့မပါဘဲ နူးညံ့ညင်သာစွာ အကြောလေးများကို နှိပ်နယ်ပေးတာဖြစ်လို့ တနေ့တာပင်ပန်းထားသမျှ ပြေလျော့စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်ဖို့လဲ အထောက်အအကူပြုပါတယ်။
- အထိုင်များသူ/သွေးလည်ပတ်မှုမကောင်းသူ/အဆစ်အမြစ်နာကျင်နေသူများအတွက် သင့်လျော်ပါတယ်။
ရှောင်ရန်အချက်များ
- နှိပ်ပြီးလျှင် ခြေထောက်မဆေးရ/ရေမချိုးရ/ခေါင်းမလျှော်ရ။
- ရာသီပေါ်ချိန်/ကိုယ်ဝန်ဆောင်ချိန် မနှိပ်ရ။
- အရိုးအဆစ်ထိခိုက်ထားသူများ/သွေးကျဲရောဂါဆိုးဆိုးရွားရွားရှိသူများမနှိပ်ရပါ။
- သွေးတိုးနေလျှင်လဲ မနှိပ်သင့်ပါ။
-
Aroma Oil Massage
32,000 Ks42,000 Ksကြာချိန်
60 mins, 90 minsအကျိုးကျေးဇူးများ
- ကြွက်သားများကိုနှိပ်နယ်ပေးသောအနှိပ်မျိုးမဟုတ်ဘဲ ခန္ဓာကိုယ်သွေးပြန်ကြောတလျောက် ခပ်ဖွဖွ နှိပ်နယ်ပေးတာြဖစ်လို့ သွေးလည်ပတ်မှုကောင်းစေသလို ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းစေပြီး စိတ်ဖိစီးမှုကိုလဲလျော့ကျစေပါတယ်။
- ခန္ဓာကိုယ်အနှံ့ ထိမိစွာ အရည်အသွေးကောင်းတဲ့ အဆီနဲ့ အကြောများကိုသေချာစွာ နှိပ်နယ်ပေးလို့ နာကျင်မှုကင်းပြီး ထုံကျင်ညောင်းညာကိုက်ခဲမှုကို သက်သာစေလို့လဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အထောက်အကူပေးပါတယ်။
- အသားအရည်မွဲခြောက်ခြင်းကိုသက်သာစေပြီး အရေပြားကိုနူးညံစိုပြေစေပါသည်။
- ခရီးအထွက်များသူများ၊ အထိုင်များသူများ၊ စိတ်ဖိစီးမှုများသူ၊အရေပြားအခြောက်သွေ့သူ၊ ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်သူများအတွက် အထူးသင့်လျော်ပါတယ်။
ရှောင်ရန်အချက်များ
- ခန္ဓာကိုယ်တွင် အနာစိမ်းရှိသူ/ အရေပြားရောဂါရှိသူများ မနှိပ်ရပါ။
- ဆီနှင့်အလက်ဂျစ်ရှိသူများ မနှိပ်ရပါ။
- ရာသီပေါ်ချိန်/ကိုယ်ဝန်ဆောင်ချိန် မနှိပ်ရပါ။
-
Hot Oil Massage
42,000 Ks50,000 Ksကြာချိန်
60 mins, 90 minsအကျိုးကျေးဇူးများ
- ပူနွေးသော အဆီနှင့် နူးညံညင်သာစွာ နှိပ်နယ်ပေးလို့ ကြွက်သားများကို နွေးထွေးစေပြီး အကြောများတင်းမာနေမှု၊မကြာခဏကြွက်တက်မှု၊အဆစ်အမြစ်နာကျင်ကိုက်ခဲမှုများကိုသက်သာစေပါတယ်။
- ပူနွေးသောအဆီက သွေးကြောများကိုဖွင့်ပေးပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေတာကြောင့် စိတ်အပန်းပြေစေတဲ့အပြင် အိပ်ပျော်ဖို့လဲအထောက်အကူပြုပါတယ်။
- နွေးထွေးတဲ့အဆီနှင့် သေချာစွာ ခန္ဓာကိုယ်တခုလုံးနှိပ်နယ်ပေးလို့ အဆိပ်အတောက်များဖယ်ရှားပေးတဲ့အပြင် အသားရည်စိုပြေနူးညံစေပါတယ်။
ရှောင်ရန်အချက်များ
- ခန္ဓာကိုယ်တွင် အနာစိမ်းရှိသူ/ အရေပြားရောဂါရှိသူများ မနှိပ်ရပါ။
- ဆီနှင့်အလက်ဂျစ်ရှိသူများ မနှိပ်ရပါ။
- ရာသီပေါ်ချိန်/ကိုယ်ဝန်ဆောင်ချိန် မနှိပ်ရပါ။
-
Herbal Compress Therapy
40,000 Ks50,000 Ksကြာချိန်
60 mins, 90 minsအကျိုးကျေးဇူးများ
- သဘာဝဆေးဘက်ဝင်အပင်များနှင့်ထုတ်ထားတဲ့ကြပ်ထုပ်ပူပူနွေးနွေးလေးနဲ့ညင်သာစွာ ကြပ်ထုပ်ထိုးပေးတာဖြစ်လို့ ကိုယ်လက်မအီသာဖြစ်ခြင်း၊ ကျီးပေါင်းတက်ခြင်း၊ ဒူးနာ၊ခါးနာခြင်း၊ screen အချိန်ကြာမြင့်စွာအသုံးပြုလို့ အကြောတက်ခြင်း၊ ကြွက်သားနာကျင်ခြင်း နှင့် ခေါင်းမူးခေါင်းကိုက်ဝေဒနာ များကို သက်သာစေပါတယ်။
- အမျိုးသမီးများအတွက်ဆိုရင်လဲ ဓမ္မတာမလာမီ၊လာနေစဉ် ဖြစ်တတ်တဲ့ ခါးနာ၊ဗိုက်အောင့်စတဲ့ဝေဒနာတွေကို သက်သာစေပါတယ်။
- သဘာဝဆေးဘက်ဝင်အပင်များရဲ့ရနံလေးတွေကလဲ aroma therapy effect ရရှိစေပြီး စိတ်ပင်ပန်းမှုကိုလျော့ကျဖို့အထောက်အကူပြုပါတယ်။
ရှောင်ရန်အချက်များ
- နှိပ်ပြီးလျှင် ခြေထောက်မဆေးရ/ရေမချိုးရ/ခေါင်းမလျှော်ရ။
- ကိုယ်ဝန်ဆောင်ချိန် မနှိပ်ရပါ။





